
နေပြည်တော် ၂၉-၅-၂၀၁၇ မှ ၂-၆-၂၀၁၇ ထိ
မြို့နယ်အဆင့်သန်းခေါင်စာရင်းအချက်အလက်များ အသိပညာပေးခြင်း လုပ်ငန်း နည်းပြသင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၉-၅-၂၀၁ရရက်နေ့ နံနက် (၉းဝ၀)တွင်ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ပါသည်။
ပြည်သူ့အင်အားဦးစီးဌာနနှင့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ မြို့နယ်အဆင့်သန်းခေါင်စာရင်းအချက််အလက်များကို သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်အဆင့်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများကျင််းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ပထမအဆင့် အလုပ်ရုံဆွေးနွေးပွဲများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့ရှိမြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ယခုကျင်းပသည့် မြို့နယ်အဆင့် သန်းခေါင်စာရင်းအချက်အလက်များ အသိပညာပေးခြင်းလုပ်ငန်း နည်းပြသင်တန်းအမှတ်စဉ်(၁)ကို နည်းပြ သင်တန်းသား/ သင်တန်းသူ (၆၅)ဦးတက်ရောက်ကြပြီး သင်တန်းကို ၂၉-၅-၂၀၁၇ မှ ၂-၆-၂၀၁၇ ထိ (၅)ရက်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။




