
၂၀၁၇ ခုနှစ် ဇူလှိုင်လ ၁၀ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် သန်းခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ကနီမြို့နယ် ဓမ္မပါလ ခန်းမတွင် ဇူလှိုင်လ ၁ဝရက်နေ့က ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင်
စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်ကနီမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ခန့်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဒုညွှန်မှူး ဦးမင်းအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို
ရှင်းလင်းပြော ကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ဧည့်သည်တော်များနှင့်သင်တန်းသူသင်တန်းသားစုစုပေါင်း ရဝဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကို ၁၀.၇.၂၀၁၇ မှ ၁၁.၇.၂၀၁၇ ထိ ကျင်းပဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၆၀) ဦး တက်ရောက်လျက်ရှိပါသည်။




