၁။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး(အမျိုးသား) (၁၇) နေရာ ခန့်ထားနိုင်ရေးအတွက် (၁၃-၁၀-၂၀၂၂) ရက်နေ့ထုတ် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတို့တွင် လျှောက်လွှာခေါ်ယူခဲ့ပါသည်။ ဌာနမှ သတ်မှတ်ထားသည့် အရည်အချင်းကိုက်ညီသူများသည် အရည်အချင်းစစ်ဆေးခြင်းများအတွက် အောက်ပါအတိုင်း ဖြေဆိုရမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်-
(က) အင်္ဂလိပ်စာဖြေဆိုရမည့်နေ့ရက် - ၁၅-၁၁-၂၀၂၂ (အင်္ဂါနေ့)
ဖြေဆိုရမည့်အချိန် - နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ
(ခ) ကွန်ပျူတာဖြေဆိုရမည့်နေ့ရက် - ၁၅-၁၁-၂၀၂၂ (အင်္ဂါနေ့)
ဖြေဆိုရမည့်အချိန် - နေ့လယ် (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ
(ဂ) လူတွေ့ဖြေဆိုရမည့်ရက် - ၁၆-၁၁-၂၀၂၂ (ဗုဒ္ဓဟူးနေ့)
ဖြေဆိုရမည့်အချိန် - နံနက် (၁၀:၀၀)
(ဃ) ဖြေဆိုရမည့်နေရာ - ပြည်သူ့အင်အားဦးစီးဌာန၊ ရုံးအမှတ်(၄၈)၊ နေပြည်တော်
(င) ဖြေဆိုရန်လာရောက်သတင်းပို့ - ၁၄-၁၁-၂၀၂၂ (တနင်္လာနေ့) (ရုံးချိန်အတွင်း)၊
ရမည့်ရက် ပြည်သူ့အင်အားဦးစီးဌာန၊ ရုံးအမှတ်(၄၈)၊ နေပြည်တော်
၂။ ဖြေဆိုရန်လာရောက်သတင်းပို့ပါက မှတ်ပုံတင်(မူရင်း)၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်(မူရင်း)၊ ဘွဲ့လက်မှတ်(မူရင်း)တို့အား တစ်ပါတည်းယူဆောင်လာရန်နှင့် ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာန၊ ရုံးအမှတ်(၄၈)၊ နေပြည်တော်တွင် ကြည့်ရှု့နိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇-၄၃၁၃၅၇ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ပြည်သူ့အင်အားဦးစီးဌာန