ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘားအံမြို့၌ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၊ နိုင်ငံနှင့်ပြည်သူအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘားအံမြို့၌ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၊ နိုင်ငံနှင့်ပြည်သူအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မိမိဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်တွင် အဆင့် (၁) ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ဖာပွန်မြို့နယ်၌သာ အခြေအနေအရ ဆောင်ရွက်ပေးရန် လျာထားချက်အနည်းငယ်သာ ကျန်ရှိနေပြီး ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နေသကဲ့သို့ ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေးအတွက်လည်း ဆက်စပ်ဌာနများဖြစ်သည့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ နိုဝင်ဘာလ () ရက်၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားရာတွင် ယင်းသို့ဆောင်ရွက်ရာ၌ မိမိတို့ မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းများ၏ အခြေခံစာရင်းသည် ရွေးကောက်ပွဲကော်မရှင်၏ မြေပြင်စစ်ဆေးချက်စာရင်းများနှင့် ကိုက်ညီရန်လိုအပ်ကြောင်း၊ ယင်းစာရင်းများ တိကျမှန်ကန်စေရေး အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၏ လက်ရှိစာရင်းများ၊ မိမိဌာန အခြေခံစာရင်းများ၊ ရွေးကောက်ပွဲကော်မရှင်စာရင်း စသည်စာရင်းတို့ကို သုံးပွင့်ဆိုင်တိုက်ဆိုင်စစ်ဆေးကာ မွေးတိုး/သေလျော့/ပြောင်းဝင်/ပြောင်းထွက်စာရင်းများ ပြင်ဆင်/ဖြည့်စွက်/အတည်ပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ မဲစာရင်းများ၊  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုမှတ်တမ်းများမှ အမည်နှင့်နေရပ်လိပ်စာ၊ နိုင်ငံသားအမှတ်တို့နှင့် တိုက်ဆိုင်စစ်ဆေး ဖြည့်သွင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ မြို့နယ်ရုံးဝန်ထမ်းများအနေဖြင့်  လာမည့်နိုဝင်ဘာ (၁၅) ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းတစ်ခုထက် ပိုမို ကိုင်ဆောင်မှုများ၊ နိုင်-၄ ၌ နိုင်ငံသားကတ်အမှတ်ဖြည့်ရန် ကျန်နေသည့်ကိစ္စရပ်များကို  အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊  မိမိတို့ဌာနအနေဖြင့် နိုင်- နှင့် အထစပါ အချက်အလက်များအား နည်းပညာအသုံးပြု၍ Online မှတဆင့် ရုံးချုပ် Server သို့ ပေးပို့ဆောင်ရွက်လျက်ရှိရာ ယင်းအချက်အလက်များသည် မဲစာရင်းမှန်ကန်ရေးအတွက် အထောက်အကူများစွာရရှိသဖြင့် အချက်အလက်များ ဖြည့်သွင်းရာတွင် စနစ်တကျ မှန်ကန်စွာဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းအချက်များသည် မိမိတို့ဝန်ကြီးဌာနမှ မကြာမီဆောင်ရွက်မည့် e-ID စနစ်အတွက် အသုံးပြုမည့် အချက်အလက်များပင်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အထင်ကရနေရာများစွာရှိသဖြင့် နိုင်ငံခြားသားများ လာရောက်လည်ပတ်မှု များပြားသည့် ဒေသဖြစ်ရာ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းကိုလည်း ဉပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကောလဟာလသတင်းများ နားမယောင်ဘဲ အ‌ဖျက်အမှောင့်လုပ်ရပ်များ မဖြစ်ပွားစေရေး၊ ရုံးဝင်/ထွက်မှု စနစ်တကျ ဖြစ်စေရေးတို့အတွက် အလေးဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ လုံခြုံရေးသတိအမြဲရှိကြရန်နှင့် ဌာန၏လုပ်ငန်းအားလုံးသည် နိုင်ငံနှင့်ပြည်သူ အတွက် ထိရောက်သောဝန်ဆောင်မှုများပေးရသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း အကျယ်တဝင့်ရှင်းလင်းမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးခန်းမအတွင်းဝန်ထမ်းများမှ ကွန်ပျူတာများဖြင့်  နိုင်-၄ နှင့် အထစပါ အချက်အလက်များ ဖြည့်သွင်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည်ရှု့အားပေးကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။