ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာ အတူတကွ သုံးဆောင်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာ အတူတကွ သုံးဆောင်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ ဇူလိုင် ၄ ။

ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရေး၊ အထက်အောက်အပြန်အလှန် ချစ်ခင်လေးစား ယုံကြည်မှုရှိစေရေးနှင့် ပေးအပ်သည့်တာဝန်များကို အတူတကွ လက်တွဲပူးပေါင်းကာ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ (၄) ရက်၊ ယနေ့နံနက် (၁၁) နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာကို ထမင်းလက်စုံသုံးဆောင်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးသည် ဝန်ထမ်းများစားရိပ်သာအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်းက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။