ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးဆွေး‌‌နွေး

ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးဆွေး‌‌နွေး

နေပြည်တော်၊ စက်တင်ဘာ ၂၇။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့် အဖွဲ့အား စက်တင်ဘာလ (၂၇) ရက်၊ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းကောင်း မိတ်ဆွေရင်းများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နယ်စပ်ဒေသများ၌ နှစ်နိုင်ငံပြည်သူများရင်းနှီးချစ်ကြည်စွာ ဝင်/ထွက်သွားလာနေမှုအခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အား လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် ပြန်လည်ဝင်ရောက်မည့်သူ များ၏ အချက်အလက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြန်ကြားပြီးစီးမှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများ အဆင်သင့်ဖြစ်နေသော်လည်း ပြန်လည်ဝင်ရောက်မည့်အစီအစဉ်ပျက်ပြားစေရန် နိုင်ငံ၊ အဖွဲ့အစည်း အချို့မှ စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။