ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များမှာကြား၊ မကွေးမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ကိုယ်ရေးအချက် အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များမှာကြား၊ မကွေးမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ကိုယ်ရေးအချက် အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး။

နေပြည်တော်၊ နိုဝင်ဘာ ၁၈ ။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက မကွေးမြို့ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနဝန်ထမ်းများသည် ဌာန၏ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရင်း လက်ရှိအခြေအနေတွင် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲ များတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံ တစ်ဝန်း ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေးလုပ်ငန်းနှင့် ကောက်ယူရရှိသည့် အချက်အလက်များအား ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ကာ ရုံးချုပ်ရှိ e-ID Database ထဲသို့ ပေးပို့ ထိန်းသိမ်းခြင်းလုပ်ငန်း၊ e-ID စနစ် အကောင်အထည်ဖော်ရေးအတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းစသည့် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ် များသည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော်လည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအားလုံး ပူးပေါင်းကူညီဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူအဆင့်ဆင့်အား တင်ပြဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ လုပ်ငန်းစဉ်များအားလုံးသည် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့်လုပ်ငန်းများဖြစ်သည်နှင့်အညီ ပြည်သူ အပေါ်ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်၍ အဂတိတရားကင်းရှင်းကြရန်လိုအပ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်လုံခြုံရေးကို လက်နက်ကိုင် အကြမ်းဖက်သမားများက ထိပါးနှောင့်ယှက်နေချိန် ဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အထူးအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်၍ အထက်အောက်အပြန်အလှန် ချစ်ကြည်လေးစား ယုံကြည်မှုရှိစေရေးနှင့် ပေးအပ်သည့်တာဝန်များကို အတူတကွလက်တွဲပူးပေါင်းကာ အောင်မြင်စွာဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တပြေးညီ တင်ပြကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုင်ငံသားကတ် မရရှိသေး သည့်ပြည်သူများအား  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ချက်ချင်းဆောင်ရွက်ပေးပြီး e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းအား တစ်ပါတည်းဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ နိုင်ငံသားကတ်ရှိပြီး သူများအား ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနေမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။

ထိုနောက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်  ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေး၍ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါသည်။