ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးနှင့် သန်းခေါင်စာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံမှာကြား၊ ဒေသခံပြည်သူများအား Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးနှင့် သန်းခေါင်စာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံမှာကြား၊ ဒေသခံပြည်သူများအား Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး။

နေပြည်တော်၊ ဖေဖော်ဝါရီ ၉

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဖေဖော်ဝါရီလ (၉) ရက်၊ နံနက် (၉) နာရီခွဲက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကအကျဆုံးမှာ မဲစာရင်းမှန်ကန်ရေးပင်ဖြစ်ပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် အခြေခံတွက်ချက်ရမည့် လူဦးရေစာရင်းမှန်ကန်စေရန် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် ကောက်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ကောက်ယူဆောင်ရွက်ခဲ့သည့် စာရင်းအချက်အလက်မှတ်တမ်းများကို စုစည်း၍ လဝကမြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုစာရင်း ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Sever အတွင်းရှိ အချက်အလက်များဖြင့် တိုက်ဆိုင် ပြင်ဆင် ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စာရင်းကောက်အဖွဲ့ပေါင်း (၃၀၆၆) ဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင်  e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု (၁. ) သန်းကျော်၊ အလွတ်ပုံစံဖြင့် ကောက်ယူမှု (၃.၅) သိန်းကျော်၊ စုစုပေါင်း (၂.) သန်းကျော်  ကောက်ယူပြီးစီးခဲ့ပြီး လျာထားချက် ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့်စာရင်းများကိုလည်း ရုံးချုပ်ရှိ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်း အရ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မြေပြင်ကွင်းဆင်း ကောက်ယူရာတွင် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စုများအတွက် အမှန်တကယ် အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ နိုင်ငံတော်အစိုးရမှ မြို့နယ်အဆင့်ဖွဲ့စည်းပေးထားသည့် () ဦးကော်မတီဖြင့် အသေးစိတ်စိစစ် အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်အဆင့် () ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနမှတာဝန်ယူ၍ နိုင်ငံအတွင်းနေထိုင်သူအားလုံးအား ကိုယ်ရေးအချက် အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ e-ID Database အတွင်း သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ထုတ်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားသူများပါ e-ID စနစ်ဖြင့် တပါတည်း Biographic/ Biometric ကောက်ယူခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကောက်ယူမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက စမ်းသပ်သန်းခေါင်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ကွက်များ ရွေးချယ်သတ်မှတ်ကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပုသိမ်မြို့နယ် နှင့် မအူပင်မြို့နယ်တို့အတွင်း စုစုပေါင်း ကောက်ကွက် (၁၁) ကွက် ရွေးချယ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းစမ်းသပ်ကောက်ယူမှု အတွေ့အကြုံများကို ပြန်လည်သုံးသပ်၍ ပြည်လုံးကျွတ်အဆင့်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မတီအဆင့်ဆင့်က အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အားလုံးက သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီး အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်မှုနှင့် ဗဟိုကော်မတီသို့ သတ်မှတ်စာရင်း ဇယားများပေးပို့ပြီးစီးမှု၊ ပန်းခင်းစီမံချက် အဆင့် () အတွက် လျာထားချက်များ ပြည့်မီပြီးစီးရေးနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ကော်မတီများအလိုက် လုပ်ငန်းများအောင်မြင်ရေးအတွက်  ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်နေမှု၊ မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပုသိမ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်အတွက် Biographic / Biometric ကောက်ယူခြင်းလုပ်ငန်းတို့ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြည်သူများသိရှိနားလည်ပြီး လိုက်ပါပူးပေါင်းဆောင်ရွက်ရေးနှင့် အချက်အလက်များကွဲလွဲမှုများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ပြင်ဆင်အတည်ပြုဆောင်ရွက်ရေး မှာကြားကာ ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

အဆိုပါအခမ်းအနားတွင် ပုသိမ်မြို့နယ်ရှိ ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြားမရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့် () ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေး၍ နိုင်ငံသားကတ်ရှိပြီးသူများအား Biographic နှင့် Biometric များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသေးသူ ( ၁၅၀ ) ဦးအား နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ ( ၁၀၂ ) ဦးနှင့်အတူ စုစုပေါင်း ( ၂၅၂ ) ဦးအား e-ID စနစ်ဆောင်ရွက်ပေးပြီး Unique ID နံပါတ်များ အသီးသီးထုတ်ပေးခဲ့ပါသည်။