ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ငူတက္ကသိုလ်မှကျောင်းသား ကျောင်းသူများနှင့် တောင်ငူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုယ်ရေးအချက် အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ငူတက္ကသိုလ်မှကျောင်းသား ကျောင်းသူများနှင့် တောင်ငူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုယ်ရေးအချက် အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ (၂၆) ရက် နံနက်ပိုင်းက တောင်ငူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိရာ ရှေးဦးစွာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးနှင့်တာဝန်ရှိသူများက ခရိုင်အတွင်း နယ်မြေဒေသအခြေအနေ၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့်စာရင်းများ စိစစ်အတည်ပြုဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်နှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲစာရင်းမှန်ကန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် အချက်အလက်များမှန်ကန်ရေးအတွက်‌ ဆောင်ရွက်နေမှု၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသား တိုင်းကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး အတွက်ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေး လုပ်ငန်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက်အရေးကြီးသည့် လုပ်ငန်းများဖြစ်ပြီး ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရေးမှာကြားကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူး ရုံးများသို့သွားရောက်၍ ရုံးခန်းများ အခြေအနေနှင့် ရုံးစာရွက်စာတမ်းများ၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများက ခရိုင်အတွင်းရှိ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်- မှတ်တမ်းနှင့် အိမ်ထောင်စုစာရင်းပါ အချက်အလက်များအား နေပြည်တော်ရုံးချုပ်မှ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ဖြည့်သွင်းပြင်ဆင် အတည်ပြုခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက ကိုယ်ရေးအချက်အလက်များ မှန်ကန်စွာ တိုက်ဆိုင်စိစစ် အတည်ပြုဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရေး တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူတက္ကသိုလ်သို့ သွားရောက်၍ အဆိုပါ တက္ကသိုလ်ရှိစာသင်ဆောင်များ၌ တောင်ငူမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက တောင်ငူတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူခြင်းလုပ်ငန်းတို့ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် အချက်အလက် ကွဲလွဲမှုများရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြင်ဆင်အတည်ပြု ဆောင်ရွက်ပေးရေးမှာကြားကာ လာရောက်ဆောင်ရွက်ကြသည့် ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများအား e-ID စနစ်နှင့် ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းပြောကြား၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

အဆိုပါအခမ်းအနားတွင် တောင်ငူတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် () ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်းဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသေးသူနှင့် လဲလှယ်သူ (၆၂) ဦးအား နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ ( ၁၀၀ ) ဦးနှင့်အတူ စုစုပေါင်း ( ၁၆၂ ) ဦးအား e-ID စနစ်ဖြင့် Unique ID နံပါတ်များ အသီးသီးထုတ်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမသို့ သွားရောက်၍ တောင်ငူခရိုင်အတွင်းရှိ တောင်ငူခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံကာ ဝန်ကြီးဌာနအနေဖြင့်ဌာန၏ ရည်မှန်းချက် တာဝန်များအပြင် နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းဦးစားပေး မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် လျာထားသတ်မှတ်ချက်များအတိုင်း ပြီးစီးရမည့်သတ်မှတ်ကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်ကြရမည့်အခြေအနေ၊ လုပ်ငန်းများအောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည့်အခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးကိုအလေးဂရုပြုဆောင်ရွက်ကြရေး၊ ပြည်သူများအားယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သော တာဝန်များကိုကျေပွန်စွာထမ်းဆောင်နိုင်ရေး ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကောလိပ်ခန်းမ၌ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို ရင်းနှီးချစ်ကြည်စွာဖြင့် လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။