ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ်အတွက် နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များ အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက အကြံပြုဆွေးနွေးပွဲသို့ တွေ့ကြုံရသည့်အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေး အကြံပြုပေးရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ်အတွက် နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များ အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက အကြံပြုဆွေးနွေးပွဲသို့ တွေ့ကြုံရသည့်အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေး အကြံပြုပေးရန်မှာကြား။

  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာဆောင်ရွက်ချက်များအား အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက လေ့လာသုံးသပ်အကြံပြုဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်၊ မွန်းလွဲ (၃) နာရီ က အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တက်ရောက်၍အမှာစကား ပြောကြားရာတွင် အိန္ဒိယနိုင်ငံ Aadhaar စနစ်သည် အောင်မြင်သည့် နည်းပညာတစ်ခုဖြစ်ပြီး ယင်း Aadhaar စနစ်ကိုလေ့လာ၍ ယခု e-ID စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ e-ID စနစ်သည် မြန်မာနိုင်ငံ၏ e-Government စနစ်အတွက် အခြေခံအကျဆုံး လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ e-ID စနစ်အတွက် လူတစ်ဦးချင်းစီ၏ Biographic/Biometric ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့်ဆက်စပ်၍ ဝန်ကြီးဌာနများ၊ အခြားသောအဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံမှ နည်းပညာဆိုင်ရာပညာရှင်များအနေဖြင့် မိမိတို့၏ e-ID စနစ် လုပ်ငန်းစဉ် ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်၍ လုပ်ငန်းဆိုင်ရာအကြံပြုချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ပွင့်ပွင့် လင်းလင်းဆွေးနွေး အကြံပြုပေးကြစေလိုပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ Development Partnership Administration Mr. Anish Kumar ဦးဆောင်သော National Institute of Smart Government (NISC) နှင့် Modular Open-Source Identity Platform(MOSIP) တို့မှ နည်းပညာရှင် ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။

          ယင်းနောက် လက်ရှိ e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နည်းပညာဆိုင်ရာအဖွဲ့နှင့် အိန္ဒိယနိုင်ငံနည်းပညာဆိုင်ရာကိုယ်စားလှယ်အဖွဲ့တို့သည် နည်းပညာ ဆိုင်ရာဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို ဇူလိုင်လ ၁၇ ရက်၊ ယနေ့တွင်လည်း ဆက်လက်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ e-ID စနစ်နှင့်ပတ်သက်၍ နည်းပညာ ဆိုင်ရာလိုအပ်ချက်များအပေါ် အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက သုံးသပ်အကြံပြုကာ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။