ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ၊ ဝန်ကြီးဌာနနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ၊ ဝန်ကြီးဌာနနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးပြောကြား။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့အား ဩဂုတ်လ ၁၅ ရက်၊ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအနေဖြင့် ရှေးယခင်ကပင် အိမ်နီးချင်းကောင်း ပီသစွာဖြင့် နှစ်နိုင်ငံအကျိုး လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း e-ID စနစ်အတွက်လည်း လိုအပ်သည့်နည်းပညာဆိုင်ရာ ပညာရှင်များကို အိန္ဒိယ နိုင်ငံအစိုးရမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း အနေဖြင့် ဝန်ကြီးဌာနနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က အသင်းဖြစ်ပေါ်လာပုံ နှင့် ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေ၊ ယခု လာရောက်တွေ့ဆုံရသည့် အကြောင်းရင်းတို့ကို ရှင်းလင်းတင်ပြပြီး အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ကြီးဌာနမှ ငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများအတွက် အလှူငွေများ ကို မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။