ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Baecque နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာအနေဖြင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Baecque နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာအနေဖြင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Arnaud de Baecque နှင့်အဖွဲ့အား ဩဂုတ်လ(၂၆)ရက်၊ ယနေ့မွန်းလွဲ (၂)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး ဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ဝင်များ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များအား ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုဆောင်ရွက်ပေးနေမှု၊ ICRC မှ မြန်မာနိုင်ငံအတွင်း ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် နေရာဒေသများသို့ သွားရောက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးမှု အခြေအနေ၊ ကျန်းမာရေးဆိုင်ရာနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ကူညီ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးမှု အပေါ် ဝန်ကြီးဌာနအနေဖြင့်ကျေးဇူးတင်အသိအမှတ်ပြုမှုနှင့် လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။