ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Gwyn Lewis နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Gwyn Lewis နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Gwyn Lewis နှင့်အဖွဲ့အား အောက်တိုဘာလ (၂၃) ရက်၊ ယနေ့နံနက်(၁၀)နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိမှု၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား သုံးပွင့်ဆိုင် MOU ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှူးရုံး (UNRCO) ညှိနှိုင်းချက်အရ ရခိုင်ပြည်နယ်မှ UN/INGO ဝန်ထမ်းများနှင့် မိသားစုများအား ရန်ကုန်မြို့တွင် ခေတ္တနေထိုင်ခွင့်ပြုထားမှု၊ လူဦးရေနှင့်ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများတွင် ဝန်ကြီး ဌာနနှင့် ကာလရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် UNFPA အပါအဝင် UN အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။