ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို One Stop Service ဖြင့် ဆောင်ရွက်ထုတ်ပေးနေမှုလှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို One Stop Service ဖြင့် ဆောင်ရွက်ထုတ်ပေးနေမှုလှည့်လည်ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၇ ရက်၊  ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ စွယ်တော်ဘုရားသို့ သွားရောက် ဖူးမြှော် ကြည်ညို ပြီးနောက် အဆိုပါဘုရား ပရဝုဏ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျုံမငေးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ များမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွား သူများနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင် စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ဥပဒေနှင့်အညီစိစစ်ကာ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်အဆင့် ဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်း ကောင်း၊နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံ ပြည်သူများအား လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်း၍  ရင်းရင်းနှီးနှီး နှုတ်ဆက် ပြီးနောက် One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID နံပါတ်ပါ ကတ်ပြားတို့ကို သက်ဆိုင်ရာ ကာယကံရှင်များထံ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။