ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယသမ္မတနိုင်ငံ NISG မှ နည်းပညာဆိုင်ရာကျွမ်းကျင် ပညာရှင်များအား လက်ခံတွေ့ဆုံ၊ MoU အရ မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်း အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယသမ္မတနိုင်ငံ NISG မှ နည်းပညာဆိုင်ရာကျွမ်းကျင် ပညာရှင်များအား လက်ခံတွေ့ဆုံ၊ MoU အရ မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်း အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အိန္ဒိယသမ္မတနိုင်ငံ National Institute for Smart Government (NISG) မှ Advisor Technology & Consulting Mr. Sanjeev Bhatia နှင့်အဖွဲ့အား နိုဝင်ဘာလ ၁၁ ရက်နေ့ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး  မြန်မာ နိုင်ငံ၏ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ အိန္ဒိယနိုင်ငံ၏ နည်းပညာဆိုင်ရာအတွေ့အကြုံကောင်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိမှု၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်နေသည့် e-ID စနစ်နှင့် အိန္ဒိယနိုင်ငံ၌ ဆောင်ရွက်နေသည့် MOSIP Platform တို့ ပေါင်းစပ်အသုံးပြုကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင် ရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ e-ID စနစ်သည် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့်                      e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းနှင့် ယခုရောက်ရှိနေသည့် အိန္ဒိယသမ္မတနိုင်ငံ  NISG မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် MoU အရ မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်း ပူးပေါင်း ဆောင်ရွက်မှုအဖြစ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၉ ရက်အထိ နည်းပညာဆိုင်ရာလိုအပ်သည့် စမ်းသပ်ချိတ်ဆက်မှုများကို ဝန်ကြီးဌာနမှ နည်းပညာဆိုင်ရာအရာရှိများနှင့် ပူးပေါင်းကာ အတွေ့အကြုံဖလှယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။