ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနေမှု လှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနေမှု လှည့်လည်ကြည့်ရှုအားပေး။

ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်သည် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက် ပွဲကို အပိုင်း(၂)တွင် ကျင်းပရန် ပါဝင်သည့်အတွက် ဇန်နဝါရီလ(၁၁)ရက် ယနေ့တွင် ဝါးခယ်မ မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ်၊ကျုံမငေးမြို့သီရိဟေမာရပ်ကွက်ရှိ မဲရုံသို့လည်းကောင်း၊ မြစိမ်းရပ်ကွက်ရှိ မဲရုံသို့လည်းကောင်း လှည့်လည်သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနေမှု ကို ကြည့်ရှုအားပေးကာမဲရုံမှူးနှင့် တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့သို့သွားရောက်၍ လှေကျင်း ရပ်ကွက်ရှိ မဲရုံသို့လည်းကောင်း၊ စာရေးကုန်းရပ်ကွက်ရှိ မဲရုံသို့လည်းကောင်း လှည့်လည် သွားရောက်၍ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေး၍ မဲရုံမှူးနှင့်တာဝန်ရှိသူများ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးးပြီး  လာရောက်မဲပေးသူပြည်သူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်နောက် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ်၏ရွေးကောက်ပွဲဆိုင်ရာ အုပ်ချုပ် မှုရုံးအဖြစ် ဖွင့်လှစ်ထားရှိသည့် ဝါးခယ်မမြို့ ၊ရွှေခယ်သီရိအားကစားခန်းမသို့သွားရောက်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌  ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုနှင့် မဲရုံများပိတ်သိမ်းပြီးပါက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။