ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအနက် အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများ၊ နိုင်ငံသား ကတ်ပြားပျောက်ဆုံး/ပျက်စီး၊ မိတ္တူလျှောက်ထားသူများအားOne Stop Service ဖြင့်ကွင်းဆင်းနေမှုကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအနက် အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများ၊ နိုင်ငံသား ကတ်ပြားပျောက်ဆုံး/ပျက်စီး၊ မိတ္တူလျှောက်ထားသူများအားOne Stop Service ဖြင့်ကွင်းဆင်းနေမှုကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၂၅) ရက်၊ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ စွယ်တော်ဘုရားသို့ သွာရောက်ဖူးမြော်ကြည်ညို ၍ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ဘုရားပရဝုဏ်အတွင်း၌ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝါးခယ်မမြို့နယ်ဦးစီးမှူးမှ ဝန်ထမ်းများက ကျုံမငေးမြို့ပေါ် ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံး၊ လဲလှယ်၊ မိတ္တူ လျှောက်ထား သူများအား တစ်နေရာတည်းတွင် One Stop Service ဖြင့် ကွင်းဆင်းကာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါရပ်ကွက်/ကျေးရွာများနှင့် မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြသည့် ဘုရားပွဲဈေးသည်များအနက်  နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီး Unique ID နံပါတ်‌ဆောင်ရွက်ရခြင်းမရှိသေးသူများအား e-ID စနစ်ဖြင့် Biographic /  Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများ အား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူ များအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီးနောက် One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ပါ ကတ်ပြားတို့ကို သက်ဆိုင်ရာ ကာယကံရှင်များထံ အသီးသီးပေးအပ်ပြီး မြို့နယ်ရုံးဝန်ထမ်း များအတွက်ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင် တိုက် ဦးစီးပဓာနမဟာနာယက ဩဝါဒါစရိယ၊ သာသနာဓဇ ဓမ္မာစရိယ ၊ ပရိယတ္တိဓမ္မနုဂ္ဂဟ ဓမ္မာ စရိယ၊ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ  ဘဒ္ဓန္တပညာဇောတအား သွားရောက်ဖူး မြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးအား သင်္ကန်းနှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။