ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံရှိကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံရှိကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီ ဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis နှင့်အဖွဲ့အား မေလ (၂၉) ရက်၊ ယနေ့နံနက် (၁၁) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးလင်းဇော်ထွန်းနှင့် ဒေါက်တာခိုင်ခိုင်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနအနေဖြင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ပြည်ဝင်ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ မောင်တောဒေသရှိ UN အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ရန်ကုန်မြို့၌ ယာယီနေထိုင်နိုင်ရေး ခွင့်ပြုဆောင်ရွက်မှုနှင့် နယ်မြေဒေသတည်ငြိမ်ပါက ပြန်လည်ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ နှင့်ပတ်သက်၍ ကုလသမဂ္ဂရုံးချုပ်သို့ သတင်းမှန်နှင့်အချက်အလက်မှန်များဖြင့် ရှင်းလင်းတင်ပြ နိုင်ရေး၊ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။