ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ မိုင်းဖြတ်မြို့နယ်အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများအားတွေ့ဆုံ၍ လမင်းစီမံချက် ဆောင်ရွက်မှုရှင်းလင်းပြောကြား။

ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ မိုင်းဖြတ်မြို့နယ်အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများအားတွေ့ဆုံ၍ လမင်းစီမံချက် ဆောင်ရွက်မှုရှင်းလင်းပြောကြား။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုးနှင့်တာဝန်ရှိသူများနှင့် အတူ ဩဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုးဖြတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍အဆိုပါရုံး အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မိုင်းဖြတ်မြို့အခြေခံပညာ အထက်တန်းကျောင်းမှ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက် ပေးပြီး Biographic/ Biometric ကောက်ယူ၍ UID နံပါတ် တစ်ပါတည်းထုတ်ပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက် ပြီးဖြစ်သည့် နိုင်ငံဿားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို သက်ဆိုင်ရာကာယကံရှင် ကျောင်းသား၊ ကျောင်းသူများထံ အသီးသီးပေးအပ်ကြပြီးနောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အဆိုပါခန်းမ၌ပင် မိုင်းဖြတ်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးကို ဥပဒေနှင့်အညီ ရရှိကိုင်ဆောင်နိုင်ရေးနှင့် e-ID စနစ်ဖြင့် UID နံပါတ်တစ်ပါတည်းထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်း လမင်းစီမံချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများ အနေဖြင့်လည်း e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်ရရှိရေး ဆောင်ရွက်ကြရန် လိုအပ်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။