သတင်းနှင်‌့ပြန်ကြားရေးလုပ်ငန်း

သတင်းနှင်‌့ပြန်ကြားရေးလုပ်ငန်း

၂၀၁၄ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်းများ ကောက်ယူမည့် အစီအစဉ်နှင့် ပတ်သက်၍ ပြည်သူလူထု သိရှိစေရန်အတွက် ပညာပေးစာစောင်များ ဖြန့်ဝေခြင်း၊ သတင်းစာ၊ ဂျာနယ်တို့တွင် ဆောင်းပါးများ ရေးသားခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ တွေ့ဆုံမေးမြန်းခန်းများ ဇာတ်လမ်းတိုများ ထုတ်လွှင့်ခဲ့ပါသည်။            လက်ဆင့်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း။ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်နှင့်ပတ်သက်၍ ကောက်ယူမည့်အချိန်ကာလနှင့် သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာ အချက်အလက်များကို ပြည်သူလူထု သိရှိနားလည်စေရန်နှင့် သန်းခေါင်စာရင်းလုပ်ငန်းများတွင် စိတ်ဝင်စားမှုရှိရန် လိုအပ်သော ဝိုင်းဝန်းကူညီမှုများ ပေးအပ်နိုင်စေရန်အတွက် သန်းခေါင်စာရင်း လက်ဆင့်ကမ်းကြော်ငြာများကို သန်းခေါင်စာရင်းမကောက်ယူမီ တစ်လခန့်ကြိုတင်၍ ဖြန့်ဝေခဲ့ပါသည်။

ပိုစတာများဖြင့် သတင်းဖြန့်ချီခြင်း။ သန်းခေါင်စာရင်း ကောက်ယူမည့်အကြောင်းနှင့် ကောက်ယူမည့် အချိန်ကာလများကို ဖော်ပြသော မြေစိုက်ပိုစတာကြီးများ၊ နံရံကပ်ပိုစတာများဖြင့် သန်းခေါင်စာရင်း မကောက်ယူမီ (၄) လခန့်ကြိုတင်၍ ကြော်ငြာခဲ့ပါသည်။ (ပိုစတာများကို အခြားတိုင်းရင်းသားဘာသာဖြင့်လည်း ပြန်ဆိုထုတ်လုပ်ခဲ့ပါသည်။)။

ပညာပေးစာစောင်။ ပြည်သူလူထုအတွင်း အထူးသဖြင့် ကျောင်းသူကျောင်းသားများသည် ကောက်ယူမည့် သန်းခေါင်စာရင်းအကြောင်း လေ့လာသိရှိနိုင်စေရန် အသိပညာပေးစာစောင်များကို ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်ရန် အစီအစဉ်များလည်း ထားရှိခဲ့ပါသည်။

ရေဒီယိုနှင့် ရုပ်မြင်သံကြားမ ထုတ်လွှင်‌့ခြင်း။ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ သန်းခေါင်စာရင်းအကြောင်း ဟောပြောချက်များ၊ မြန်မာ့အသံဝန်ထမ်းများနှင့် တွေ့ဆုံမေးမြန်းခန်းများ၊ ပြည်သူလူထုနိုးကြားမှု ရှိစေရန် အခြားသင့်လျော်သောအစီအစဉ်များ ထည့်သွင်းဆောင်ရွက်ခဲ့ပါသည်။

ရုပ်ရှင်ဆလိုက်များဖြင့် သတင်းဖြန့်ချီခြင်း။ စာရင်းများ မကောက်ယူမီ (၃) လခန့်ကြိုတင်လျက် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပိုစတာများကို ရုပ်ရှင်ဆလိုက်များဖြင့် ကြော်ငြာခဲ့ပါသည်။

သတင်းစာများတွင်‌ ကြော်ငြာခြင်း။ သန်းခေါင်စာရင်းကောက်ယူခြင်းနှင်‌့ ပတ်သက်၍‌ ဆောင်းပါးများ ရေးသားခြင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ရေးအတွက် ပညာပေးခြင်း၊ လှုံ့ဆော်ခြင်းများကို ကြိုတင်၍ သတင်းစာများတွင် ထည့်သွင်းရန်လည်း အစီအစဉ်ထားရှိခဲ့ပါသည်။