ကမ္ဘာ့လူဦးရေနေ့အခမ်းအနားကို ၁၉၉၀ ပြည့်နှစ်မှစ၍ နှစ်စဉ် ဇူလိုင်လ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျန်းမာရေးဦးစီးဌာနက ဦးစီးကျင်းပခဲ့ပါသည်။ ၁၉၉၅ ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဟု ဖွဲ့စည်းခဲ့ရာ ပြည်သူ့အင်အားဦးစီးဌာနသည် ၁၉၉၆ ခုနှစ်မှစ၍ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများကို နှစ်စဉ်ဦးစီးကျင်းပခဲ့ပြီး လူဦးရေသန်း (၆ဝဝဝ) ပြည့်နေ့ အခမ်းအနားကိုလည်း ၁၉၉၉ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများတွင် တက်ရောက်သူ အကြီးအကဲအမည်၊ ကျင်းပသည့်နေရာနှင့် ဆောင်ပုဒ်များကို အောက်တွင်ဖေါ်ပြထားပါသည် -
ခုနှစ် |
တက်ရောက်သူ အကြီးအကဲအမည် |
ကျင်းပသည့်နေရာ |
ဆောင်ပုဒ် (မြန်မာ၊အင်္ဂလိပ်) |
၂၀၁၇ |
ဒုတိယသမ္မတ ဦးမြင့်ဆွေ |
သင်္ဂဟဟိုတယ် |
တိုင်းပြည်သာယာဖွံ့ဖြိုးဖို့၊ ကိုယ်တိုင်ပါဝင်ဆုံးဖြတ်လို့၊ မိသားစုစီမံကိန်းများချမှတ်စို့ Family Planning: Empowering People, Developing Nations |
၂၀၁၆ |
ဒုတိယသမ္မတ ဦးမြင့်ဆွေ |
သင်္ဂဟဟိုတယ် |
ဆယ်ကျော်သက်မိန်းကလေးများဘဝမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံပံ့ပိုးပေး Investing in Teenage Girls |
၂၀၁၅ |
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း |
Royal ACE Hotel |
ထိခိုက်လွယ်သူ၊ ဖေးမကူ၊ အရေးပေါ်ဟူက စောင့်ရှောက်ကြ Vulnerable Populations in Emergencies |
၂၀၁၄ |
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း |
ရွိုင်ရယ်ကုမုဒြာဟိုတယ် |
လူငယ်အရေးအလေးပေးကာ၊ ရင်းနှီးမြှုပ်နှံဆောင်ရွက်ပါ Investing in Young People |
၂၀၁၃ |
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း |
သင်္ဂဟဟိုတယ် |
သီးချိန်ပွင့်ချိန် တန်ပါမှ ကျန်းမာလှပပျိုရွယ်ဘဝ Adolescent Pregnancy |
၂၀၁၂ |
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း |
သင်္ဂဟဟိုတယ် |
မျိုးဆက်ပွားကျန်းမာရေး၊ လူတိုင်းရအောင်ဆောင်ရွက်ပေး Universal Assess to Reproductive Health Services |
၂၀၁၁ |
ဦးခင်ရီ |
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန |
လူဦးရေသန်းခုနစ်ထောင်ရဲ့ဝန်တာ ထမ်းဆောင်နေတဲ့ဒို့ရဲ့ကမ္ဘာ The World at 7 Billions |
၂၀၁၀ |
ဦးမောင်ဦး |
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ်(၄၈)၊ နေပြည်တော် |
မထပ်မကျန်မှန်ကန်မှု၊ အချက်အလက်တွေစုံအောင်စု၊ လူဦးရေနှင့်ဖွံ့ဖြိုးမှု Everyone Counts
|
၂ဝဝ၉ |
ဗိုလ်ချုပ်မောင်ဦး |
မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ နေပြည်တော်၊လယ်ဝေး |
ကမ္ဘာ့စီးပွားအခက်ကာလ၊ မျိုးဆက်ပွားကျန်းမာရေး အလေးထားကြ Protecting marginalized populations from the economic crisis |
၂ဝဝ၈ |
ဗိုလ်ချုပ်စောလွင် |
မြို့တော်ခန်းမ၊ နေပြည်တော် |
မိသားစုဘဝသာယာရေး၊ မျိုးဆက်ပွားကျန်းမာရေး ဖေါ်ဆောင်ပေး It’s a right, let’s make it real |
၂ဝဝ၇
|
ဗိုလ်ချုပ်မောင်မောင်ဆွေ
|
မြို့တော်ခန်းမ၊ နေပြည်တော်
|
မိခင်ဘဝကျန်းမာမှု၊ လက်တွဲဖေါ်ပြုအမျိုးသားထု Men as partners in Maternal Health |
၂ဝဝ၆ |
ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် |
ရုံးအမှတ် (၂၃) ၊လဝကနှင့် ပသအဝန်ကြီးဌာန၊ နေပြည်တော် |
ကမ္ဘာ့လူ့ဘောင်သာယာရေး၊ ငယ်ရွယ်သူများပျိုးထောင်ပေး Young People |
၂ဝဝ၅ |
ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် |
ဆီဒိုးနား၊ရန်ကုန် |
အမျိုးသမီးများအလေးထား၊ကမ္ဘာမြေဖွံ့ဖြိုးမှုအတွက်စွမ်းဆောင်အား Equality |
၂ဝဝ၄ |
ဗိုလ်ချုပ်စိန်ထွား |
အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန၊ ရန်ကုန် |
ပညာကျန်းမာခွင့်လန်းသာ၊ ပြည့်စုံလှပမိန်းကလေးဘဝ၊ စာရင်းအင်းနှင့်ညွှန်းဆိုပြ Statistical Girl |
၂ဝဝ၃ |
ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် |
အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန၊ ရန်ကုန် |
သန်းတစ်ထောင်ငယ်ရွယ်ကျန်းမာဖို့၊ ပညာပေးလို့စောင့်ရှောက်စို့ 1 Billion Adolescents: The Right to Health |
၂ဝဝ၂ |
ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် |
အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန၊ ရန်ကုန် |
လူဦးရေနှင့်ဖွံ့ဖြိုးမှု၊ ဆင်းရဲနွမ်းပါးမှုဂရုပြု Population, Poverty and Development |
၂ဝဝ၁ |
ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် |
အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန၊ ရန်ကုန် |
လူဦးရေနှင့်ဖွံ့ဖြိုးမှု၊ ပတ်ဝန်းကျင်ကိုကောင်းအောင်ပြု Population, Development and Environment ” |
၂ဝဝဝ |
ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် |
အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန၊ ရန်ကုန် |
အမျိုးသမီးများဘဝရှင်သန်ရေး၊ ဝိုင်းဝန်းကူညီပံ့ပိုးပေး Saving Women’s Live |
၁၉၉၉ |
ဦးစောထွန်း |
အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန၊ ရန်ကုန် |
၂၁ရာစုတို့အားပြု၊ လူငယ်လူရွယ်ကျန်းမာမှု Decision for the 21st Century: Choice and Responsibility |
၁၉၉၈ |
ဦးစောထွန်း |
အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန၊ ရန်ကုန် |
လူသားများစွာတိုးပွားလာ၊ သန်းပေါင်းခြောက်ထောင် ရှိတော့မှာ Upcoming day of 6 billion |
၁၉၉၇ |
ဒုတိယဗိုလ်ချုပ်ကြီးမောင်လှ |
သူနာပြုတက္ကသိုလ်၊ရန်ကုန် |
ကမ္ဘာတစ်လွှားကျွန်ုပ်တို့မိသားစုများ Our families on the world |
၁၉၉၆ |
ဒုတိယဗိုလ်ချုပ်ကြီးမောင်လှ |
သူနာပြုတက္ကသိုလ်၊ရန်ကုန် |
ယခုချိန်ခါဒို့နေရာ Where we live now? |