နိုင်ငံတကာနည်းပညာအကြံပေးအဖွဲ့(ITAB)(၆)ကြိမ်​မြောက်​အ​စည်း​အ​ဝေး

၂၀၁၄ ​ခု​နှစ် ​လူ​ဦး​ရေ​နှင့်​အိမ်​အ​ကြောင်း​အ​ရာ ​သန်း​ခေါင်​စာ​ရင်း​ကောက်ယူ​ခြင်း​လုပ်​ငန်း​၏ ​နိုင်​ငံ​တ​ကာ ​     နည်း​ပ​ညာ​အ​ကြံ​ပေး​အ​ဖွဲ့ (ITAB) (၆)ကြိမ်​မြောက်​အ​စည်း​အ​ဝေး​ကို ​အောက်​တို​ဘာ ၂၂ ​ရက် ​နံ​နက် ၉ ​နာ​ရီ​ခွဲ​ကနေ​ပြည်​တော်​ရှိ ​သ​င်္ဂ​ဟ​ဟို​တယ်​၌ ​ကျင်း​ပ​သည်။အ​ခမ်း​အ​နား​ တွင် ​ဒု​တိ​ယ​ဝန်​ကြီး ​ဦး​ဝင်း​မြင့်​က ​ယ​ခု​အ​ခါ ​သန်း​ခေါင်စာ​ရင်း​ဆိုင်​ရာ ​အ​ချက်​အ​လက်​များ​ကို ​အ​ချက်​အ​လက်​အ​သုံး​ပြု​သူ​များအ​တွက် ​အ​ချက်​အ​လက်​များ​ဖြန့်​ဝေ​ခြင်း​နှင့် ​အ​သိ​ပ​ညာ​ပေး​ခြင်း ​အ​လုပ်​ရုံဆွေး​နွေး​ပွဲ​များ​ကို ​တိုင်း​ဒေ​သ​ကြီး၊ ​ပြည်​နယ်၊ ​ခ​ရိုင်​အ​လိုက် ​ကျင်း​ပ​ဆောင်​ရွက်လျက်​ရှိ​ကြောင်း၊ ​ယင်း​အ​လုပ်​ရုံ​ဆွေး​နွေး​ပွဲ​များ​တွင်UNFPA​နှင့် ​အ​ခြားအ​ဖွဲ့​အ​စည်း​များ ​ပူး​ပေါင်း​ဆောင်​ရွက်​၍ ​အ​သိ​ပ​ညာ​နှင့်အ​တွေ့​အ​ကြုံ​များ​ကို​ဖြန့်​ဝေ​ပေး​နိုင်​မည်​ဖြစ်​ကြောင်း၊ ​ယင်း​နောက် ​သန်း​ခေါင်​စာ​ရင်း ​၏ ​အ​ချက်အ​လက်​ဆိုင်​ရာ​နယ်​ပယ်​အ​ချို့​အား ​လေ့​လာ​ဆန်း​စစ်​ချက်​များ ​ဆက်​လက်ဆောင်​ရွက်​ခြင်း​နှင့် ​အ​စီ​ရင်​ခံ​စာ​များ​သတ်​မှတ်​ခြင်း​တို့ ​ဆောင်​ရွက်​သွားမည်​ဖြစ်​ကြောင်း၊ ​ယင်း​ကိ​စ္စ​ရပ်​များ​ဆောင်​ရွက်​ရာ​တွင ITAB ​၏ ​နိုင်​ငံတ​ကာ​အ​တွေ့​အ​ကြုံ​များ​ဖြင့် ​ရင်း​နှီး​ပွင့်​လင်း​စွာ ​သုံး​သပ်​အ​ကြံ​ပြု​ဆွေး​နွေး​ပေး​ကြ​ရန် ​တိုက်​တွန်း​ကြောင်း​ဖြင့် ​ရှင်း​လင်း​ပြော​ကြား​သည်။
​ထို့​နောက်UNFPA ​ဌာ​နေ​ကိုယ်​စား​လှယ် Ms. Janet E. Jacksonက ၂၀၁၄ ​ခု​နှစ် ​လူ​ဦး​ရေ​နှင့် ​အိမ်​အ​ကြောင်း​အ​ရာ ​သန်း​ခေါင်​စာ​ရင်းကောက်​ယူ​ခြင်း​လုပ်​ငန်း​များ​နှင့် UNFPA ​မှ ​ပံ့​ပိုး​ကူ​ညီ​ဆောင်​ရွက်​မှုအ​ခြေ​အ​နေ​များ​ကို​လည်း​ကောင်း၊ ITAB ​ဒု​တိ​ယ​ဥ​က္က​ဋ္ဌ Dr. WernerHaug ​က ​နိုင်​ငံ​တ​ကာ​နည်း​ပ​ညာ​ဆိုင်​ရာ ​အ​ကြံ​ပေး​အ​ဖွဲ့​၏ ​သုံး​သပ်​အ​ကြံပြု​ချက်​များ​ကို​လည်း​ကောင်း ​ရှင်း​လင်း​ပြော​ကြား​ကြ​သည်။ယင်း​နောက် ​နိုင်​ငံ​တ​ကာ​နည်း​ပ​ညာ​အ​ကြံ​ပေး​အ​ဖွဲ့​ဝင်​များ​နှင့် ​အ​လှူ​ရှင်​နိုင်​ငံ​များ​မှ ​ကိုယ်​စား​လှယ်​များ​က ​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း​ဆိုင်​ရာ
​အ​ချက်​အ​လက်​များ​နှင့်​စပ်​လျဉ်း​၍ ​အ​ကြံ​ပြု​ဆွေး​နွေး ​တင်​ပြ​ကြ​ကြောင်း​နှင့်အ​စည်း​အ​ဝေး​ကို ​အောက်​တို​ဘာ ၂၃ ​ရက်​တွင် ​နိုင်​ငံ​တ​ကာ​နည်း​ပ​ညာ​အ​ကြံ​ပေးအ​ဖွဲ့​ဝင်​များ၊ ​အ​လှူ​ရှင်​နိုင်​ငံ​များ​မှ​ကိုယ်​စား​လှယ်​များ၊ ​ပြည်​တွင်း​မှ ​သန်း​ခေါင်စာ​ရင်း​ဆိုင်​ရာ ​အ​ကြံ​ပေး​အ​ဖွဲ့​ဝင်​များ​ဖြင့် ​ဆက်​လက်​ကျင်း​ပ​သွား​မည်​ဖြစ်ကြောင်း ​သ​တင်း​ရ​ရှိ​သည်။