ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် သန်းခေါင်စာရင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် သန်းခေါင်စာရင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၏ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ အသုံးပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် ဗဟိုသန်းခေါင်စာရင်းကော်မတီ ဥက္ကဌ၊ လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဦးမှ အဖွင့်အမှာ စကားပြောကြားပါသည်။ အခမ်းအနားသို့ လပွတ္တာခရိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊   INGO မှကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများနှင့် လူမှုရေး ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း အင်အား (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။