
၂၀၁၆ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၁)ရက် နေ့တွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှဖိတ်ကြားထားသူများနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။




