အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်၊ လျှောက်လွှာများခေါ်ယူခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်၊ လျှောက်လွှာများခေါ်ယူခြင်း

၁၁-၁၀-၂၀၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

ပြည်သူ့အင်အားဦးစီးဌာန

ရုံးအမှတ် (၄၈)၊ နေပြည်တော်

လျှောက်လွှာများခေါ်ယူခြင်း

၁။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာများကို ၂၀၁၅ ခုနှစ်၊ မေလတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ထိ ထုတ်ပြန်ခဲ့ပြီး ဆက်လက်၍ မြို့နယ်အဆင့် အစီရင်ခံစာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

၂။       ပြည်သူ့အင်အားဦးစီးဌာနသည် မြို့နယ်အဆင့်အစီရင်ခံစာမူကြမ်းများအား စစ်ဆေးရန်၊ တည်းဖြတ်ရန် နှင့် စိစစ်ပြင်ဆင်ပေးနိုင်ရန်အတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူ (၅) ဦး လိုအပ်လျက်ရှိရာ လျှောက်လွှာများ တင်သွင်းနိုင်ပါသည် -

(က)    လူဦးရေပညာ၊ လူမှုရေးသိပ္ပံ၊ စာရင်းအင်းပညာ (သို့မဟုတ်) သက်ဆိုင်ရာနယ်ပယ်တွင် အနည်းဆုံး ဘွဲ့လွန်အဆင့် ပြီးစီးအောင်မြင်ထားသူ ဖြစ်ရမည်။

(ခ)     ဌာနဆိုင်ရာ စာရွက်စာတမ်းများနှင့်အစီရင်ခံစာများ ပြုစုရေးသားခြင်း၊ ဘာသာပြန်ခြင်းလုပ်ငန်း ၌ အနည်းဆုံး (၅) နှစ် အတွေ့အကြုံရှိသူဖြစ်ရမည်။

(ဂ)     အင်္ဂလိပ် - မြန်မာ နှစ်ဘာသာစလုံးတွင် အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်သူ ဖြစ်ရမည်။

(ဃ)    သတင်းအချက်အလက်ပြုစုတင်ပြခြင်းနှင့် စာရင်းအင်းဆိုင်ရာ အစီရင်ခံစာများ ရေးသားခြင်း တွင် နားလည်ကျွမ်းကျင်သူဖြစ်ရမည်။

(င)     သန်းခေါင်စာရင်းလုပ်ငန်းများနှင့် အခြားစာရင်းဇယားကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်းနှင့် ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များတွင် အတွေ့အကြုံရှိသူများကို ဦးစားပေးမည် ဖြစ်ပါသည်။

(စ)     လုပ်ငန်းအခက်အခဲများနှင့် ဖိအားများအောက်တွင် အလုပ်လုပ်နိုင်သူဖြစ်ရမည်။

၃။       တာဝန်ပေးအပ်ခြင်းခံရပါက ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစကာ (၄၅) ရက်ခန့် ပြည်သူ့အင်အားဦးစီးဌာန တွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည်။ စစ်ဆေးတည်းဖြတ်ပြင်ဆင်ပေးသူများသည် တစ်ဦးလျှင် ပျမ်းမျှ အနေဖြင့် မြို့နယ်အစီရင်ခံစာ (၈၂) ခုနှုန်းဖြင့် တစ်ရက်လျှင် အနည်းဆုံး မြို့နယ် (၂) မြို့နယ်၏ အစီရင်ခံစာ များအား အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပြင်ဆင်တည်းဖြတ်ပေးနိုင်ရမည် ဖြစ်ပါသည်။ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ ညှိနှိုင်းမှုဖြင့် လုပ်ခလစာပေးချေသွားမည် ဖြစ်ပါသည်။

၄။       လျှောက်ထားသူသည် ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်သို့ လိပ်မူ၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ( ၁၉ ) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။