ပြည်သူ့အင်အားဦးစီးဌာနမှ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်း မြို့နယ်အဆင့်အစီရင်ခံစာများကို ပထမအဆင့် အနေဖြင် နေပြည်တော် မန္တလေး မကွေး ရန်ကုန် စစ်ကိုင်း ပဲခူး မွန် စသည့် တိုင်းဒေသကြီး/ပြည်နယ် ရခုရှိ မြို့နယ်အသီးသီးတွင် ၅-၆-၂၀၁၇ မှစ၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ ဖြန့်ဝေပေးလျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲများသို့ သက်ဆိုင်ရာ မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ကြပါသည်။ ဒေသခံပြည်သူများသည် မိမိတို့မြို့နယ်အလိုက် ပြုစုထားသော သန်းခေါင်စာရင်း မြို့နယ်အဆင့်အစီရင်ခံစာစာအုပ်များရရှိသဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် ရေတိုရေရှည် စီမံကိန်းများ ချမှတ်ရာတွင် အကျိုးပြုကြောင်း သိရှိရသည့်အတွက် ဝမ်းသာပျော်ရွှင်လျက်ရှိကြပါသည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းမြို့နယ်အဆင့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများကျင်းပ
05 Jun 2017