ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှုကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှုကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး။

နေပြည်တော်၊ အောက်တိုဘာ ၅ ။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စာရင်းစစ်၊ စာရင်းကောက်များက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဇဝနသိဒ္ဓိရပ်ကွက်သို့ လည်းကောင်း၊ သစ်ဝင်တိုင်းကျေးရွာသို့လည်းကောင်း သွားရောက်၍ ရပ်ကွက်/ကျေးရွာ ကောက်ကွက်များအလိုက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက တစ်အိမ်တက်ဆင်း လှည့်လည်ကာ Mobile Tablet များဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ မေးမြန်းကောက်ယူနေမှုနှင့် ဒေသခံပြည်သူများ၏ စိတ်ဝင်တစား ပြန်လည်ဖြေကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ပသီရိမြို့နယ်အတွင်းရှိ ဇဝနဒီပရပ်ကွက်သို့လည်းကောင်း၊ မင်္ဂလာဒီပရပ်ကွက်သို့လည်းကောင်း သွားရောက်၍ ရပ်ကွက်များအတွင်း၌ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက ဒေသခံပြည်သူများအား လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းမေးခွန်းများကို Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကာ မေးမြန်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောက်ကွက်ပေါင်း (၂၆၅၆) ကွက်အား စာရင်းစစ်၊ စာရင်းကောက် (၁၃၁၇) ဦးက တက်ညီလက်ညီဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများကို Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူလျက်ရှိပါသည်။