ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လယ်ဝေးမြို့နယ် အထက(၂) ကျောင်းသား ၊ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Boimetric ကောက်ယူခြင်းလုပ်ငန်း ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လယ်ဝေးမြို့နယ် အထက(၂) ကျောင်းသား ၊ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Boimetric ကောက်ယူခြင်းလုပ်ငန်း ကြည့်ရှုအားပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၃ ရက်၊ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လယ်ဝေးမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းခန်းမအတွင်း၌ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းတို့ကို လုပ်ငန်းစဉ် အဆင့်အလိုက် တစ်နေရာတည်း၌ One Stop Service ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ကြီး ဦးသန်းကျော်ထွန်းနှင့် ဆရာ၊ ဆရာမများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကိုမေးမြန်း၍ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သတ်မှတ်အသက်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique ID  နံပါတ်ပါ စာရွက်များ ကိုင်ဆောင်ခွင့်ရရှိရေး စိစစ်ညှိနှိုင်းဆောင်ရွက်ပေးရန်မှာကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားစိစစ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် One Stop Service စိစစ်ဆောင်ရွက်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က  လုပ်ငန်းလာရောက် ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

အဆိုပါ ဆောင်ရွက်မှုတွင် လယ်ဝေးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ထုတ်ပေးခြင်း၊ ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူပြန်လည်ထုတ်ပေးခြင်းကို ဒေသခံပြည်သူ (၈၄) ဦးအား စိစစ်ဆောင်ရွက်ထုတ်ပေးခြင်းလုပ်ငန်းများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးပြီးနောက် နိုင်ငံသားကတ်ပြား ရရှိပြီးသူ များအား e-ID စနစ်ဖြင့် Biographic/Boimetric ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းကို One Stop Service ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ရုံးခန်းအတွင်း သန့်ရှင်းသပ်ရပ်ရေးဆောင်ရွက်ထားရှိမှု၊ ရုံးစာရွက်စာတမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်းကိုယ်ရေးဖိုင်များ ဖိုင်တွဲများနှင့် ဖိုင်တင်စင်များအလိုက် စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်ဖိုင်များဖြစ်သည်နှင့်အညီ သဘာဝဘေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဖိုင်ထုတ်သွင်းမှု မှတ်တမ်းများ စနစ်တကျ ရေးသွင်းဆောင်ရွက်ရေးနှင့် တာဝန်ရှိသူများမှ စနစ်တကျစစ်ဆေး ကြီးကြပ်ဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌသွားရောက်ကြည့်ရှုသည့် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိစက်မှုဇုန်ရှိ နရိန္ဒြာကုမ္ပဏီလီမိတက်၏ မျှစ်ခြောက်စက်ရုံသို့ လိုက်ပါခဲ့ရာ စက်ရုံတာဝန်ခံ ဒေါ်နန်းခင်အုန်းက စက်ရုံအတွင်း မျှစ်များအခြောက်ခံသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်လံရှင်းလင်းတင်ပြသည်။

ထို့နောက် စက်ရုံခန်းမ၌ စက်ရုံတာဝန်ခံက မျှစ်ခြောက်စက်ရုံတည်ဆောက် ဆောင်ရွက်ခဲ့မှု၊ ကမ္ဘာ့မျှစ်ခြောက်ဈေးကွက်အခြေအနေနှင့် မျှစ်ခြောက်များအား ပြည်ပပို့ကုန်အဖြစ် ဂျပန် နိုင်ငံသို့ လက်ရှိတင်ပို့ဆောင်ရွက်နေမှု၊ ကုန်ကြမ်းရရှိရေးအတွက် ဝါးစိုက်ခင်းများ ထူထောင်ထားရှိမှုနှင့် စက်ရုံအတွက် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။