ArcGIS Pro သင်တန်းအား ၂-၅-၂၀၂၅ ရက်မှ ၂၃-၅-၂၀၂၅ ရက်ထိ Online နှင့် In-person ပုံစံ (၂) မျိုးဖြင့် ဖွင့်လှစ်။
02 May 2025

၁။ သန်းခေါင်စာရင်းမြေပုံလုပ်ငန်းများတွင် နည်းပညာပိုမိုအသုံးပြုနိုင်ရန်နှင့် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက် ArcGIS Pro သင်တန်းအား ၂-၅-၂၀၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
၂။ ArcGIS Pro သင်တန်းအား ၂-၅-၂၀၂၅ ရက်မှ ၂၃-၅-၂၀၂၅ ရက်ထိ Online နှင့် In-person ပုံစံ (၂) မျိုးဖြင့် ဖွင့်လှစ်လျက်ရှိရာ ESRI Thailand Co.Ltd မှ နည်းပြများက စာတွေ့၊ လက်တွေ့ဖြင့် ဆွေးနွေးပို့ချလျက်ရှိပြီး ပြည်သူ့အင်အားဦးစီးဌာနမှ အရာထမ်း/အမှုထမ်း (၂၁) ဦး တက်ရောက်လျက်ရှိပါသည်။