
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့် ပွဲကို ဇူလိုင်လ ၁၇ ရက်၊ ယနေ့ညနေပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ဝန်ထမ်းများတက်ရောက်ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်များကို မင်္ဂလာကန်အတွင်း ငါးမျိုး စိုက်ထည့်ပေးကြသည်။
ထို့နောက် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီး၌ ငါးသားပေါက်များကို မင်္ဂလာကန်အတွင်း ငါးမျိုးစိုက် ထည့်ပေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြကြောင်းနှင့် အဆိုပါအခမ်းအနားတွင် မင်္ဂလာကန်အတွင်း ငါးသယံဇာတ တိုးပွားစေရေးရည်ရွယ်ချက်ဖြင့် သဘာဝအလျှောက် ကြီးထွားနှုန်း မြန်ဆန်သည့် ငါးမြစ်ချင်းနှင့် ငါးခုံးမကောင်ရေ (၂၅၀၀၀) ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။




