အများပြည်သူသို့အသိပေးကြေညာချက်

အများပြည်သူသို့အသိပေးကြေညာချက်

နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ အထောက်အထားသည် နိုင်ငံသားစိစစ်ရေး ကတ်ပြားဖြစ်ပါသည်။ နိုင်ငံသားဟုဆိုရာတွင် နိုင်ငံဿားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်ကို ဥပဒေနှင့်အညီ ကိုင်ဆောင်ထားသူတို့ကို ဆိုလိုပါသည်။ နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင် ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက် များဖြင့် လွယ်ကူအဆင်ပြေစွာ စိစစ်ဆောင်ရွက်ထုတ်ပေးလျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာ တွင်လည်း ဒီဂျစ်တယ်စနစ်ဖြင့် ပြည်သူတို့အတွက် လူမှုစီးပွားဆိုင်ရာထိရောက်သော ဝန်ဆောင်မှု များပေးနိုင်ရန် နိုင်ငံအတွင်းနေထိုင်သူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ ကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယင်းသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID နံပါတ်ထုတ်ပေး ခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်းပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ထုတ်ပေးလျက်ရှိနေသော်လည်း ယခုအခါ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID နံပါတ်တို့ကို အတုအပ ပြုလုပ်၍ မသိနားမလည်သည့်ပြည်သူများအပေါ် အခွင့်ကောင်းယူကာ အခကြေးငွေရယူဆောင်ရွက် ပေးနေသူများလည်း ရှိနေကြောင်းနှင့် Account အမျိုးမျိုး၊ ဆက်သွယ်ရေးတယ်လီဖုန်းနံပါတ် အမျိုးမျိုးဖြင့် တရားမဝင်ကြော်ငြာများကို Online မှ မဟုတ်မမှန်ဖော်ပြဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါ သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID တို့ကို အတုအပပြုလုပ် ခြင်း၊ လက်ဝယ်ကိုင်ဆောင်အသုံးပြုခြင်းတို့သည် ပြစ်မှုမြောက်သည့်အတွက် ထိရောက်သော ပြစ်ဒဏ်ချမှတ်ခံရနိုင်ပြီး လက်ရှိတွင်လည်း အတုအပပြုလုပ်ဆောင်ရွက်သူ၊ လက်ဝယ်ကိုင်ဆောင် အသုံးပြုသူများအား နည်းမျိုးစုံဖြင့် စစ်ဆေးဖော်ထုတ်ကာ တရားစွဲဆိုအမှုဖွင့်၍ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ လူမှုကွန်ယက်များတွင် တရားမဝင် ကြော်ငြာ ဖြန့်ဝေ လှုံ့ဆော်ဝါဒဖြန့်ဆောင်ရွက်နေမှုများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်ကာ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လိုပါက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများသို့ ဆက်သွယ် ဆောင်ရွက်ကြပါရန်နှင့် ပွဲစားများဖြင့်ဆောင်ရွက်ခြင်း၊အတုအပကိုင်ဆောင်အသုံးပြုခြင်း မပြုကြပါ ရန် အသိပေးအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန