ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ သတင်းအချက်အလက်နည်းပညာ ဆိုင်ရာ အသိပညာများတိုးပွားစေရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ် ပို့ချလျက်ရှိသည့် CCNA သင်တန်းသို့ သွားရောက် ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ သတင်းအချက်အလက်နည်းပညာ ဆိုင်ရာ အသိပညာများတိုးပွားစေရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ် ပို့ချလျက်ရှိသည့် CCNA သင်တန်းသို့ သွားရောက် ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၃ ရက်၊ ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သင်တန်းခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် Cisco Certified Network Associate Course (CCNA) သင်တန်းသို့ သွားရောက်၍ သင်တန်းနည်းပြက သင်တန်းသားများအား သင်တန်းပို့ချနေမှုများကို ကြည့်ရှု အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအား သင်တန်းနည်းပြက သင်ကြားပို့ချလျက်ရှိသည့် နည်းပညာဆိုင်ရာ သင်ခန်းစာများအခြေအနေ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ သင်ကြားပို့ချမည့်အစီအစဉ်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါသင်တန်းကို ဝန်ကြီးဌာနမှ ဝန်ထမ်းများ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အသိပညာများတိုးပွားစေရေး၊ ဝန်ကြီးဌာန၏ Server များ လုံခြုံစွာထိန်းသိမ်းနိုင်ရေး၊ ဆိုက်ဘာ တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ IT နည်းပညာအခြေခံရှိသည့် ဝန်ထမ်း(၁၅) ဦး အား ဇူလိုင်လ (၂၁) ရက်မှ ဩဂုတ်လ (၁၉) ရက်အထိ ရက်သတ္တ (၅) ပတ်ကြာ ဖွင့်လှစ်ပို့ချလျက် ရှိကြောင်း သတင်းရရှိသည်။