ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရင်းနှီးပွင့်လင်းစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရင်းနှီးပွင့်လင်းစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဇူလိုင်လ (၃၀) ရက်၊ ယနေ့မွန်းလွဲ (၃) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဝန်ကြီးဌာန နှင့် UNDP-UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာကိစ္စရပ် များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှုနှင့် ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာ ရေးနှင့် အခြေပြုနေထိုင်နိုင်ရေးအတွက် တင်ပြဆောင်ရွက်ရမည့်အစီအစဉ်၊ UNHCR အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများဆောင်ရွက်ရာတွင် ခွင့်ပြုချက်တင်ပြ ဆောင်ရွက်ရမည့်နည်းလမ်း၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရင်းနှီးပွင့်လင်းစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။