ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သာကေတမြို့နယ်ဦးစီးမှူးရုံးနှင့် ရခိုင်ပြည်နယ်မှ ယာယီရုံးများ အဖြစ် ဖွင့်လှစ်ထားရှိသည့် နေရာများ၌ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သာကေတမြို့နယ်ဦးစီးမှူးရုံးနှင့် ရခိုင်ပြည်နယ်မှ ယာယီရုံးများ အဖြစ် ဖွင့်လှစ်ထားရှိသည့် နေရာများ၌ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ရက်၊  ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်သို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာကေတမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်()ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့် () ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ One Stop Service ဖြင့်လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံး၊ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်း များနှင့် ရုံးသုံးပစ္စည်းများထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာရွက်စာတမ်း နှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနနှင့်ပတ်သက်သည့် လက်ငင်းဦးစားပေးလုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့အတွက် အလေးထား ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဝန်းအတွင်းရှိ ဗိုလ်တထောင်ခရိုင်ဦးစီး မှူးရုံး၏ ရုံးအဆောက်အဦနှင့် ရုံးခန်းများအခြေအနေကိုလည်းကောင်း၊ သာကေတဝန်းအတွင်း၌ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်း များအား ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ ရွေ့ပြောင်းနေထိုင်ကြသူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန်  ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်ဦးစီးမှူးရုံးများ၏ ယာယီရုံးများဖွင့်လှစ်ထားရှိပြီး ပန်းခင်းစီမံချက်အဆင့်(၃)နှင့် e-ID စနစ်ဖြင့် Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်း‌ကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လာရောက်ဆောင်ရွက်ကြသည့်ပြည်သူများအား ရင်းရင်းနှီးနှီးမေးမြန်းနှုတ်ဆက်ပြီး ဝန်ထမ်းများနှင့်တာဝန်ရှိသူများအား ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး၊ ရုံးပတ်ဝန်းကျင်သန့်ရှင်း သပ်ယပ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ဂရုပြုဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေး သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတဂိုဒေါင်ဝန်းအတွင်းရှိ  ဂိုဒေါင်များ အလိုက် မှတ်တမ်းများထိန်းသိမ်းထားရှိမှု၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ အတွက် စိစစ်ရေးကတ်ပြားများနှင့် လုပ်ငန်းသုံးပုံစံများ ထိန်းသိမ်းထားရှိမှု၊ ရခိုင်ပြည်နယ်မှ ယာယီရုံးဖွင့်လှစ်မည့် ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးအချို့မှ ရုံးသုံးပစ္စည်းနှင့် လုပ်ငန်းသုံးပုံစံများ သိုလှောင်ထားရှိမှု  အခြေအနေများကိုလည်းကောင်း၊ စာရင်းဇယား မှတ်တမ်းပုံစံဟောင်းများ၊ ရုံးအသုံးအဆောင် ပစ္စည်းအဟောင်းများ ထိန်းသိမ်းထားရှိမှု အ‌ခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကဂိုဒေါင်များအတွင်းနှင့်ပတ်ဝန်းကျင် ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ရေနှုတ်မြောင်းများ စနစ်တကျဆောင်ရွက်ထားရှိရေး၊ ဂိုဒေါင်များအလိုက် ထည့်သွင်းထားသည့် ပစ္စည်းစာရင်း ဇယားများ စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထုတ်ပေးရေး၊ ပိုးမွှားများအန္တရာယ်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် အမြဲမပြတ် ကြည့်ရှု စစ်ဆေး ဆောင်ရွက်ကြရေးနှင့်  ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်၍ ပစ္စည်းအမျိုးအစား အလိုက် ဦးစားပေး သတ်မှတ်ထားရှိရေး၊ ထိန်းသိမ်းထားရှိသည့်ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေး အတွက် တာဝန်ရှိသူများက လိုအပ်သလို စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရေး မှာကြားကာ  လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။