ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၌ လစ်လပ်လျက်ရှိသည့် လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးရာထူးအတွက် အင်္ဂလိပ်စာရေးဖြေစာမေးပွဲ အောင်မြင်သူများအား ကွန်ပျူတာ ဆန်းစစ်မှုနှင့်လူတွေ့နှုတ်ဖြေ ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၌ လစ်လပ်လျက်ရှိသည့် လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးရာထူးအတွက် အင်္ဂလိပ်စာရေးဖြေစာမေးပွဲ အောင်မြင်သူများအား ကွန်ပျူတာ ဆန်းစစ်မှုနှင့်လူတွေ့နှုတ်ဖြေ ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ (၃၀) ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သတ်မှတ်နေရာအသီးသီး၌ ကျင်းပလျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာဆန်းစစ်မှုနှင့် လူတွေ့နှုတ်ဖြေ ဖြေဆိုဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက စာမေးပွဲကျင်းပနေမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကွန်ပျူတာဆန်းစစ်ဖြေဆိုရာတွင် စက်များချို့ယွင်းမှုမရှိစေရေးနှင့် မေးမြန်းသည့်မေးခွန်းများအပေါ် နားလည်သဘောပေါက်မှုရှိစေရေး စောင့်ကြပ်ကြည့်ရှုဆောင်ရွက်ပေးရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဝန်ထမ်းများ ဖြည့်တင်းနိုင်ရန် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အမျိုးသား/ အမျိုးသမီး (၁၅၀)ဦးခန့်ထားနိုင်ရေးအတွက် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားသူများအား စက်တင်ဘာလ (၆) ရက်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ သတ်မှတ်နေရာအသီးသီး၌ အင်္ဂလိပ်စာရေးဖြေစာမေးပွဲများကို တစ်ပြိုင်တည်းကျင်းပခဲ့ရာ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ အောင်မြင်သူများအား ကွန်ပျူတာဆန်းစစ်မှုနှင့် လူတွေ့နှုတ်ဖြေဖြေဆိုမှုများကို နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန သတ်မှတ်နေရာအသီးသီး၌ ကျင်းပလျက်ရှိပြီး စစ်ဆေးမှုအောင်မြင်သူများအား လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးဖြင့် ဝန်ထမ်းခန့်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။